အမဲအဖြူ စွဲပြီးသားလျှာမှာ နင်ဟာငါ ငါဟာနင် လို့ ဆိုရမလား




အဲ့ ဘဲပေါ့
ကံထူးရှင်ကြီး ၀ါသနာရှင်ကြီး
ဆိုပြီး
လက်ဖက်ရည်ဆိုင်ထဲကဘဲတွေ
မေးငေါ့ပြတယ်

သူ့ ခြေလှမ်းတွေ စကပ်တုတ်တုတ်ကလေးအောက်မှာ
ချွေးပြန်လာတယ်
လက်ဖက်ရည်ဆိုင်ထဲကိုလည်းလှည့်မကြည့်ရဲဘူးလေ
မာရ်နတ်ငါးပါးစလုံးဟာစီးကရက်ထဲမှာမနေဘူး
လက်ညိုးထဲမှာနေတာ

အားလုံးကြိုက်တဲ့
အာလူးကြော်စားပြီး ရူးသွားတာလေဆိုပြီး
သူ
အိမ်ပေါ်ကနေ နှင်ချခံလိုက်ရ
သတဲ့လေ . .

ဘာလုပ်နေသလဲဆိုတာထက် အလုပ်လုပ်နေတယ် ဆိုတာပဲ
ဓါးပြမတိုက်ခင် ကတည်းက
အင်္ဂါ နေ့ကိုဆိုက်ရောက်ခဲ့တာလား

ပြန်လည်ထူထောင်လိုက် လေနဲ့ လာမှုတ်လိုက်
နင့်ခေါင်းအုံးထဲကငါတွေ နေထုတ်လှန်းလိုက်
ဒါဟာစွမ်းအင်ကို ဖြုန်းတီးရာကျနေသလား

စွမ်းအင် ဟာမစွမ်းခင်ကဘယ်ရောက်နေမှန်းမသိ
မစွမ်းရင်းကလည်းရှိ တဲ့အခိုက်
သူ့ ကန်စွန်းခင်း နွေးနွေးထွေးထွေး ကြီးထဲကနေ
ငါ
ပြေးထွက်ခဲ့တာမရုန်းနိုင်လို့ မဟုတ်ဘူး
မရုန်းချင်မှာစိုးလို့
စွမ်းအင်တွေ
ပြည်လန် ထူထောင်လိုက် ပြည်လန်ဖျက်ဆီးပစ်လိုက်
ပြည်လန် ထုန့်ပိုင်းထုန့်ပိုင်းဖြစ်လိုက်
ပြန်လည် ပြည်လန် လိုက်

နင့် ဆံပင်တွေထဲကို
နဲ့ နင့် နှုတ်ခမ်းနှစ်လွှာကြားကို
လေတွေ အများကြီးမှုတ်သွင်းပြီး
တိုင်းပြည် နဲ့ လူမျိုးကိုကယ်တင်ချင်လို့
ဘာညာ

ငါ လျှောက်ဖောတာလူမိသွားလို့
ခေါင်းကိုဘီးကုတ် နဲ့ ဆွဲညှပ်ပလိုက်တာ
နင့် နှုတ်ခမ်းဖူးဖူးလေးကိုမှန်းပြီး
မှန်းပလိုက်တာ

အလကားနေရင်းတက်တူးတွေ တစ်ပုံပြီးတစ်ပုံ
အရေပြားပေါ် တွားတက်လာသလိုပေါ့
ဒါဟာနင်မို့ “ခြစ်” ခဲ့တယ် ဒါဟာငါမို့ “ခြစ်” ခဲ့တယ်
တစ်နေ့ကျရင် နောက်က ခြစ်ရာတွေပဲကျန်ခဲ့မယ်
“နင်” နဲ့ “ငါ” ဟာ နင်ရယ် ငါရယ်

ထမင်းစားရင် မနင်ဘူး
ပြောရတာနင်တယ်

သူရယ် သူမရယ်
နင်ရယ် နင်မရယ်
တို့ ရယ် တို့မရယ် . .
ရယ်ပေါ့ စောက်ရူးမလေး. .
ငါ့ ကျောပြင်ကအထွတ်ထိပ်ရောက်လက်သည်းရာတွေကို
ဆံပင်တွေနဲ့
လာပြန်သိမ်းပေါ့ စောက်ရူးမလေး . .
အဲ့လို . . ဆယ်ကျော်သက် သည်းခြေကြိုက် စာသားတွေထဲမှာအုန်းပင်တွေ
ကြီးထွားလာချက် . .
လေဟာနယ်ဟာအုန်းလက်ကိုဖိချလိုက်တဲ့အချိန်
အိခနဲပဲ

(+) နဲ့ (-) ကြားမှာ ဘာသာစကားချောက်လား ဒန်းလော့မွေ့ယာလား
ကြေမွှကုန်မှာပဲ နှင်းဆီပွင့်ချပ်တွေ မခင်းပါနဲ့တော့လား
နှင်းဆီဆူးတွေ နင့် ရင်ဘတ် ငါ့ ရင်ဘတ်
နှင်းဆီသွေးတွေ ငါ့ နှုတ်ခမ်းကနေနင့် နှုတ်ခမ်း
သဘာဝတရားကိုက ပေါင်းခြင်းနဲ့ နုတ်ခြင်းလို့ ပြောခဲ့ပြီ
သဘာဝတရားစစ်စစ်တွေရမယ် ချိုတယ် အေးတယ် လို့
ဘယ်သူတွေ အော်အော်ရောင်းခဲ့တာ
ခုမှ လူဟာသူမဟုတ်သလိုမျက်နှာလွှဲကျည်ဆံထွက်

ကွန်ပျူတာစနစ်တွေမှာအစားလည်းမသိ၊ အနုတ်လည်းမသိ၊
အပေါင်းတစ်ခုတည်းသာသိတာ
သူမသိဘူး
သူသိတယ်
သူပြောကြ
သူ ငြင်းကြ
စစ်ဖြစ်ကြ
ပြီး
လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်တယ်ဆိုပြီး
ထမင်းတူတူချိန်းစားကြ
လက်ဆွဲနှုတ်ဆက်ကြ
အိမ်သာထဲမှာ
ဓါတ်ပုံတွေ တွဲရိုက်ပြီး fbပေါ် တင်ကြ

ဘာမှ မကျန်ခဲ့တဲ့ နေရာက
အုန်းပင် ရဲ့ အမြစ်ထဲက
ဓါတ်ခဲရဲ့ အနှစ်သာရ
အပေါက်နှစ်ပေါက်
ဆေးလုံးအစိမ်းကလေးရဲ့ အန်ဇိုင်း
ပေါင်းပေးခြင်းအာနိသင် ရဲ့ လိုက်ကာအစကို
ခိုဆွဲပြီး
ဟုတ်ကဲ့ပါ ခင်ဗျာ . .ကျွန်တော်တို့ကိုပေးထားတဲ့ ကျောက်သင်ပုန်းကြီးမှာ
ကျေးဇူးပြုပြီးကျောက်သန်ပုန်းအပုံတွေ၊ အနက်တွေ
လာမဆွဲရေးပါနဲ့ . .
ပြန်ခါနီးကျတော့ ဆွဲထားတဲ့ လက်ကိုအတင်းလွှတ်ချပြီး
တက္ကစီတစ်စီးအပေါ်ကိုခုန်တက်သွားတဲ့ အ

သံခပ်ကြမ်းကြမ်းဟာ နှုတ်ခမ်းချင်းဖိတိုက်နေသလို
ကျောချင်းကပ်ထားသလို ကြားကချွေးစေးတွေ ခွေးချေးတွေ
ရှိသမျှ အင်အားပေးလိုက်သမျှ သူအီးလျှောက်ပါပစ်လိုက်တာတွေ
မိုးရာသီမို့ ယင်နားစာစားမိလို့ ဟိုတယ်စာညစ်ပတ်လို့
မြောင်းပုပ်လို့ …..

မိုးရွာလို့ ဗွက်ထလို့ လမ်းချော်ထိုးမိလို့ သူလမ်းလျှောက်တာ ကွ သွားလို့
ဟိုတယ် အခန်းထဲမှာစပိုင်ကင်မရာတပ်ထားလို့၊ ၀မ်းကိုက်ရောဂါပိုး ခေါင်းထဲ ၀င်သွားလို့၊
၊ တိုင်းပြည်ဆင်းရဲလို့၊ စစ်တပ် အာဏာဝင်သိမ်းလိုက်လို့၊
မိသားစုက နိုင်ငံခြားသွားမှာမို့၊ အသက်ချင်းသိပ်ကွာလို့၊ နျူးပန့်ခ်တွေ သူမကြိုက်လို့၊
သူငါကျွေးထားသမျှကိုနားဖာကလော် ဂွမ်းနဲ့ ပြန်
သုတ်
သုတ်
ပစ်လိုက်လို့

တော်ပြီ တော်ပြီ နင် ပြောနိုင်တာ တော်ပြီတော်ပြီပဲ
နင် အိန်ဂျယ်နတ်သမီးလိုထည့်ခဲ့တဲ့ ဖုန်းထဲကငွေ ပြန်လျော်ပါ
ငါ အာလာဒင်လိုပုံပြင်ထဲ ပြန်ဝင်ပါ တစ်ပါးသူပွတ်တာစောင့်ပါ

ဟုတ်တယ် တကယ်တော်ပြီ
နင် အောင်အောင်ထိပ် ကိုတိုက်မယ့် စက်ဘီးအရှေ့မှာနင် ၀င်ရပ်ပါ
ဆရာပီမိုးနင်းကိုတိုက်မယ့် စက်ဘီးအရှေ့မှာလည်း ၀င်ရပ်ပါ
ဘယ်တော့မှ သွေးမလှူမိပါစေနဲ့
ဓါတ်ခဲထဲမှာပါတဲ့ အနှစ်သာရ
ထီထိုးမထားလို့ ချမ်းအေးပြီး
တိမ်တောက်တဲ့အချိန် ကန်သင်းရိုးပေါ်ကနေ
လိုင်းမကောင်းတဲ့ သဘာဝ ထဲ
ဘလိုင်းကြီးပလပ်အထိုးခံလိုက်ရတာ

သော့ခလောက်အမှန် ထိုင်စောင့်နေဖို့ဟာသော့တံရဲ့အလုပ်ပဲ
Solex မှ ရွှေမှ ငွေမှ ကြီးမှ သေးမှ စသဖြင့် အရည်တရွှမ်းရွှမ်း
ကြံရည်ခွက်တွေအကြောင်း ပုတ်သင်ညိုတစ်ကောင်
လှည်းစီးစီး မြင်းဖြူစီးစီး
ပြောရေးဆိုခွင့်ဟာ သော့ခလောက်တစ်လုံးမှာရှိသင့်လို့လား

မာစတာကီးဆိုတာ
ခေတ်ကုန်သွားပြီလို့ နင်ပြောတယ်
ဟုတ်လို့လား

ပြတင်းပေါက်ထဲကနေပန်းချီကားထဲကိုယ်လုံးတီးကြီး
ပြန်ဝင်သွားပါတော့
နင် မရှိတဲ့ နင် ကိုပဲသူလိုချင်နေခဲ့တာ

စာပေစိစစ်ရေးဘာဘာညာညာ
ဘယ်ခေတ်ဘယ်ခါထိတရားဝင်နေဆဲလုပ်ပိုင်ခွင့်ဟာ
ဘယ်သူ့ပေါင်ကြားကသွေးစုနာ
ဘယ်သူ့ဘောင်းဘီထဲကအမှိုက်တစ်စ
ဂွမ်းထုပ်တွေလောက် နူးညံ့လို့လားအချစ်က
ဗြုတ်ကလေးတွေ ပါတဲ့ ကွန်ဒုံးလောက်ရော
ဖြတ်ဖြတ်ကိုလူးနေစေလို့လား
အချစ်က

ဟယ်..ဘာတွေတုန်း ရှုပ်ရှုပ်ရှက်ရှက်
ဘုတ်ဘုတ် ဘတ်ဘတ် တွေ
ဘယ်ကမြင်းမ လက်ချက်လဲ

အသက်ရှူသံပြင်းပြင်းခြေသံမှာနင့် နားကို လျှို့ဝှက်စွာ။ ။
အားလုံး ရူးပြီးဖင်ပြဲသွားရင် . . ဖြင့်
ဒီပွဲမှာဘယ်သူမှ မရှုံးဘူး



ယွေးနီညို
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment