အဲဒီတောအုပ်ထဲ ရွာ နေ တဲ့ မိုးဟာ ရေနွေးတွေ



ရွက်ကြွေ ၀ါနုရောင်
 လက်မောင်းသားနှစ်ခုကြား ကို ပေါင်းကူးပေးတဲ့
ကြိုးတံတားလေး ပေါ်မှာ ရပ်ပြီး
သစ်သားတစ်မျိုးရဲ့ အနံ့တွေ နှာခေါင်းတစ်ဝိုက်မှာ
ဝေ့၀ဲနေတယ်။

သဏ္ဍန်တစ်ခု ပေါလောမျောနေတဲ့
အနောက် လိုက်ခဲ့ကြတယ်။
ထောင်ချောက်ထဲမှာ အတိတ်ရဲ့
ကြိုးတင်းအားတွေ ပဲ သွားသွားတီးမိနေတယ် ။
အမြဲ မက်တဲ့ အိပ်မက်ရဲ့ သော့အရာတွေ
သူ့ ကျောကုန်းပေါ်မှာ။

ခရမ်းရင့်ရောင် တိမ်တွေ၊ အစိမ်းရောင်
ပင်လယ်လှိုင်းတွေ၊ ကျောက်ဆောင်ကို လာလာထိခိုက်တဲ့
လှိုင်းလုံး ပုံ ဆေးပြားတွေ။

သူ့ ရင်သားအိအိထဲမှာ
သမိုင်း တစ်ပတ်ပြီး တစ်ပတ် လည်
နေတာ ထိုင်ကြည့်နေမိတယ်။

နေဟာလည်း တို့လိုပဲ ၀င်မသွားပဲ၊
အပေါ် ပျံတက်သွားတယ် ။

သတ္တုကြိုး နှစ်ချောင်းကို ပူးပြီး
လည်ပင်းမှာ စွပ်သွားတဲ့
လက်ချောင်းအဆစ်ကြားထဲက ဓါတ်ငွေ့တွေ ၊
 . . . သတ္တု ကြိုးကွင်း
တွေ၊

လေထု ကြိုးကြေတဲ့ အသံတွေ ကြားက
အဝေးကြီးက မိုးပြေးသွားတဲ့ မိုးပြေး အသံ ကို
ကျွန်မ ကြားလိုက်ရသေးတယ် ။

သူ မျှော့နဲ့ ဆွဲညှစ်ပလိုက်ပြီး၊
သူ့ သိမှု နွေးနွေး  ရဲ့ နံရံတွေ လှုပ်ရှား ကုန်ကြပြီး၊
သူ  ဟင့် ခနဲ  ငိုသံစွက် တုန်ယင် ညည်းညူပြီး၊
နှုတ်ခမ်းကို အငမ်းမရ ဆွဲစုပ်ပြီး၊
တစ်ဆတ်ဆတ်တုန်ခါသွားပြီး၊
ကျောကုန်းကို အလှမဆင် ထားတဲ့ လက်သည်းတွေနဲ့
ကုတ်လိုက်တဲ့အချိန် . . .
အဲ
ဒီ
ဇာတ်လမ်းရဲ့ အနက်နဲ ဆုံး နဲ့ အငိုရဆုံး ပဲ။

လင်းနီညို
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment