မနုဟာ

မနုဟာ


လွတ်မြောက်ခြင်း မလွတ်မြောက်ခြင်းမှာ
တရားရှာဖွေ တွေ့ခဲ့လေသလား။

သစ္စာပန်းများဟာ
မြတ်ဘုရားရှေ့မှာ။


ခန့်မင်းထက်



****ယခုကဗျာကို Perfectမဂ္ဂဇင်းတွင် 2009 ဒီဇင်ဘာလ`၌ဖော်ပြပါရှိ
ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုကဗျာကိုရေးသားခဲ့သော ဆရာခန့်မင်းထက်
သည်လည်း သံတိုင်များနောက်ကွယ်`၌ ယုံကြည်ချက်အကျဉ်းသားအဖြစ်
ရောက်ရှိနေခဲ့ပါသည်။ ယခုအချိန်ထိ ဆရာလွတ်မြောက်ခြင်း၊ မလွတ်မြောက်
ခြင်းကို ကျွန်တော် မသိသေးပါ။

ကိုးကား-ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ်(၅၅)၊ ၂၀၁၄၊
ချစ်သောပုဂံ


(မနုဟာဘုရားကို အေဒီ (၁၀၆၈)တွင် မနုဟာမင်း တည်ခဲ့သည်။ မနုဟာမင်းသည် မြင်းကပါအရပ်တွင် အကျယ်ချုပ်ဘဝဖြင့် နေရစဉ် မြင်းကပါ သူဌေးထံ မနောမယ ကြောင်မျက်ရွဲလက်စွပ်ကို ရောင်းချခဲ့ရာ ငွေလှည်း ၆ စီးတိုက် ရရှိခဲ့သည်။ မနုဟာမင်းသည် ထိုငွေဖြင့် လောကနန္ဒာသင်္ဘောဆိပ် အရှေ့မြောက် စောင်းအရပ်ရှိ သီရိဇေယျဘုံမိ ကုန်းတွင် ၁၅-၈-၁၀၆၇ တွင် ဘုရားစတင်တည်ရာ ၁၂-၃-၁၀၆၈ တွင် ပြီးစီးခဲ့သည်။ မနုဟာဂူ ဘုရားသည် စတုရန်းပုံ နှစ်ထပ် အဆောက်အဦးဖြစ်ပြီး ပစ္စယာများ အထက်၌ စေတီရံများ ရှိသည်။)

မနုဟာ ဘုရား သည် မနုဟာမင်းကြီးဧ။် အကျဉ်းအကြပ် စိတ် အခြေအနေကို သရုပ်ဖော်ပြနေသလိုပင် ခံစားရသော ဘုရားတစ်ဆူပင်
ဖြစ်ပါသည်။




Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment