ပုဂံ

စေတီအတွင်း ပတ်လမ်းအထိ
အလင်းရောက်သလို
သာသနာထိရောက်ခဲ့....။

အုတ်မြို့ရိုးမှာ
ရေးမထားတဲ့သမိုင်းနဲ့....။

ဧရာဝတီဟာ
အဲဒီကတည်းက သွေးစွန်းခဲ့ပါသလား။

ပိဋကတ်တိုက်ရဲ့ အလင်းရောင်ဟာ
ဓားရောင် လှံရောင်တွေထက်
လင်းလက်ခဲ့ပါတယ်။

မွန် မြန်မာ ပျူ ပါဠိ
တန်းတူအခွင့်အရေး ရရှိခဲ့လေရဲ့။      ။


ကိုဇော်(ကလေးမြို့)
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ်(၅၅)၊၂၀၁၄။


Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment