ဲမြစ်ဆိပ်


နွားတွေက သူ့ခြေရာပေါ်နင်း
သူက နွားခွာရာတွေပေါ်နင်းနဲ့
အဲဒီနေ့ခင်းက ဖုန်တထောင်းထောင်းထဲ
မြစ်ဆိပ်ကို ဆင်းသွားလိုက်ကြတာ
လူကဦးဆောင်တာလား
နွားတွေက ဦးဆောင်တာလား။
နှင်တံကို ထောက်မီလို့
နောက်ရို့ရပ်ကျန်ခဲ့တဲ့ လမ်းပေါ်က သူ့ရုပ်ပုံ
မှုန်ဝါးရာက လင်းလာတော့
အိုမင်းပုံ မြန်ဆန်လိုက်တာ။
ခဏနေတော့
သူလည်း နွားတွေလို
ရေဆင်းသောက်တော့တာပါပဲ။           ။

မောင်အောင်ပွင့်
၂-၅-၂၀၀၀။



Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment