ပုဂံ

အယူမှား(မိစ္ဆာဒိဋ္ဌိ)တွေများစွာ မှားခဲ့ကြတဲ့နေရာ
ထေရ၀ါဒများစွာ ထွန်းကားခဲ့တဲ့နေရာ
စစ်ပွဲတွေ ခဏခဏ ဖြစ်ခဲ့ဖူးတဲ့နေရာ
ငြိမ်းချမ်းရေးတွေ မွှေးပျံ့ခဲ့ဖူးတဲ့နေရာ
သေဆုံးခဲ့သူတွေ များစွာရှိခဲ့တဲ့နေရာ
ယနေ့ထိ ရှင်သန်ဆဲသူများစွာရှိနေတဲ့နေရာ
ဗီလိန်တွေများစွာ ရှိခဲ့ဖူးတဲ့နေရာ
သူရဲကောင်းတွေများစွာ ထွန်းကားခဲ့တဲ့နေရာ
ရှေးဟောင်းအမွေအနှစ်တွေများစွာ ရှိတဲ့နေရာ
ပန်းချီ၊ပန်းပု လက်ရာများစွာရှိတဲ့နေရာ
ခေတ်တစ်ခေတ် တည်ထောင်နိုင်ခဲ့တဲ့ နေရာ
အားကျစရာများစွာရှိတဲ့နေရာ
သင်ယူစရာများစွာ ရှိတဲ့နေရာ
အဲဒီလိုများစွာ
အဲဒီလိုတွေများစွာ
စိတ်ဝင်စားစရာ များစွာ
အဲဒီစိတ်ဝင်စားစရာတွေက
ကမ္ဘာကမျက်စိကျရတဲ့နေရာ
အိမ်ရှင်ထက် ဧည့်သည်က များစွာ။    ။

ရဲရင့်ပိုင်အောင်
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ်(၅၅)၊ ၂၀၁၄




Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment