ဇာတ်လမ်းအရ
တောနှင့်တောင် အချိတ်အဆက်မမိလေတော့
စကားဝါပင်လို တိတ်တိတ်ကြွေနေရကြောင်း
ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းလို တိတ်ဆိတ်နေရကြောင်း
မြစ်မင်းကို မှန်ထောင်ပြမိတယ်။
ရင်ပြင်တော်ပေါ်မှာ
ကလေးတွေက လေယာဉ်ပျံရှပ်ထိုးကစားလို့။
အစီအစဉ်အရ
နေရောင်က ငါးတစ်ကောင်ကို ဆလိုက်ထိုးမပြတော့
စိတ်နဲ့စေတီဟောင်းကို ထုံးဖြူဖြူသုတ်ပြီးကြောင်း
ခြေတော်ရာကို ရွှေအတိချပြီးကြောင်း
မြစ်မင်းကို မှန်ထောင်ပြရင်း
ရနံ့တစ်ခုရဲ့ တစ်နေ့တာ
ကျောက်သားမှာ မင်ပြာနဲ့ရေးခဲ့တယ်။
ခင်ဇော်မြင့်

0 comments:
Post a Comment