ြုမန်မာစာတန်းထိုး စစ်ကားကြည့်ခြင်း







 
မင်းတို့ရိုင်ဖယ်တွေကို ကောင်မလေးနာမည်ပေးရမယ်
ကျွန်တော့်ရိုင်ဖယ်က ကျွန်တော်အချစ်ဆုံးအရာပဲ
ကျွန်တော်ကတော့ တိုင်းပြည်ကိုကာကွယ်ချင်တာပဲသိတယ်
သေနတ်ကို ရင်အုံကနေ နှစ်လက်မအကွာထားရမယ်
တိုက်ပွဲမှာ မင်းအသက်ရှင်ကျန်မယ်လို့ မျှော်လင့်ထားလား
"ငါ မသိဘူး အက်စကီးမိုး"  . . . ဒါပေမယ့် ...
မင်းက ရှပ်ဒိုးနပ်ကို ဘာလို့ ဖိနပ်ထဲထည့်ယူလာသလဲ
ကျွန်တော် ဆာလို့ပါဆရာ
"ကနေဒီ" ကို ပစ်ခဲ့တဲ့ ပစ်မှတ်က ဘယ်လောက်အကွာအဝေးကလဲ
"နှင်းဘောလုံးပြောပါဦး"
တော်တော်ဝေးပါတယ် - ဆရာ
ဘယ်လောက်ဝေးလဲကွ
ပြောမပြတတ်အောင်ဝေးပါတယ် ဆရာ
ငတုံး
သိပ်မကြာခင်မှာ ဒယ်ရာလင်က တပ်သားတွေ ရောက်လာတော့မယ်
မင်းတို့က ဘာလို့တပ်ထဲဝင်တာလဲ
ကမ္ဘာကြီးကိုကြည့်ချင်လို့ပါ ၊
ဒီတိုက်ပွဲက သမိုင်းဝင်တိုက်ပွဲဖြစ်ချင်တယ်၊
ကျွန်တော်အဲဒီတိုက်ပွဲမှာ ၀င်တိုက်ချင်တယ်
မင်းတို့ကိုအရေခွံခွာပစ်မယ်
ငါတို့ပြည်သူရဲ့သွေးတွေ လမ်းတိုင်းမှာရွဲရွဲစိုနေပြီ
ဝပ်နေ၊ အရမ်းနီးနေပြီ
ိတို့အင်အားရဲ့နှစ်ဆကျော်ရှိတယ်
ဒုက္ခပဲ ဂျင်မီ
ကျဆုံးသွားတဲ့ ရဲဘော်တွေဆီက ကျည်ဆံတွေ လိုက်ကောက်ပါ
သိက္ခါချမယ့် လေယာဉ်က ငါတို့ကိုတွေ့ပါစေလို့ဆုတောင်းမယ်
လူနဲ့နာမည် တွဲသိဖို့ အလောင်းတွေကို မနည်းကြည့်ယူရတယ်
လူတစ်ယောက်သေရင် သူ့ဝိညာဉ်ကဘယ်နှစ်ရက်နေလဲ
တောင်းပန်ပါတယ်တွမ်၊ ငါအငိုနဲ့ပဲ နူတ်ဆက်နိုင်တယ်၊
ဒါကိုငါတို့ကောင်းကောင်းကျော်သွားနိုင်မှာပါ ၊
ရှေ့တန်းထွက်တဲ့အခါဒီပုဝါကိုလည်မှာစည်းသွားရတယ်၊
ငြိမ်းချမ်းရေးသင်္ကေတကို ၀တ်ဆင်ထားရင်ပစ်လို့မရတော့ဘူး ။


အောင်လွန်းမြိုင်
သရုပ်ဖေါ်မျက်နှာ ပန်းချီ ထိန်လင်း
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment