*စ နေ ဂြိုလ် မွှေ တဲ့ လ*

ချိတ်တွေက
မဟုတ်တဲ့နေရာတွေ ဆို
ပါးစပ်အကွေးကြီးဖြဲပြီး
ခဲကို ခဲ ထား ကြရဲ့
ချိတ် ချိတ်ချင်း ပိုမိရော့သလား။
ဖြုတ်လှဲမရ တပ်မရ
လေပြင်း ခပ်ကြမ်းကြမ်းထိုးတာ နဲ့
ဖုန်တလူးလူး ရွှံတပေပေ စိုက်ကိန်း
နေသာ လေသာရင်
သွေ့ခြောက်ပါစေ
မျှော် လင့် ချက် နဲ့
လျှော် ဖွတ် ထားပါရဲ့ ဖြုလွှလွှ
မျက်လှည့်ဆရာ လက်ထဲ
မည်သို့မည်ပုံ
ရောက်သွားသည် မသိ
ပုလင်းကြီးချိတ်လိုက်ရတဲ့
ဝိညာဉ်ဓာတ်သား
ယခု ဖျားနေတယ်။

လင်္ကာအတ္တ


ဆရာလင်္ကအတ္တ ရဲ့ facebook wall ကို သွားချင်ရင်
ဒီကနေ သွားလို့ ရပါတယ်
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment