ပိုးထိုးနာ


ခင်ဘုန်းဝေဇော်

ရှင်နေတဲ့ ပန်းချီကားတစ်ချပ်
ငါ့အသည်းမှာ သံမှိုနဲ့ရိုက်ကပ်ထားတယ်ဆိုတာ
ငါ့မျက်လုံးတွေကသက်သေ...။

ဒီရာသီရောက်တိုင်း
ဒီဝေဒနာပြန်ခံစားရတယ်
ဝါကျင့်ကျင့်ပုံရိပ်ဟောင်းတွေ
ပရိုဂျက်တာမှာ ဆလိုက်ထိုးပြသလို
ငါ့နှလုံးသားနံရံမှာ ရှင်းရှင်းလေးပေါ်နေတာ
နင်ဝင်မကြည့်ပဲ မြင်နိုင်ပါတယ်
ငါ့ ရင်တွင်းအိမ်ကို...။

ငါ့အနားကနေ
တဖြည်းဖြည်းဝေးသွားတဲ့ အဖေနဲ့အမေ့ကို
ထွက်စပြုနေတဲ့ ရထားပေါ်ကနေ
ဘယ်တော့မှလကိမပြချင်ခဲ့ဘူး...။

ငါက...
နွေကိုကြိုချင်ပြီး
မိုးကိုမကူးချင်ခဲ့ဘူး
ပိတောက်ကိုတစ်နှစ်လုံးဝေစေချင်ပြီး
စိန်ပန်းကိုတစ်သက်လုံးမပွင့်စေချင်ဘူး
နွေးထွေးခြင်းကိုခံစားပြီး
အေးစက်ခြင်းကိုပြန်မြည်းမကြည့်ချင်ခဲ့ဘူး...။

ခင်ဘုန်းဝေဇော်



ဆရာမ ခင်ဘုန်းဝေဇော်ရဲ့ facebook wall ကို သွားချင်ရင်
ဒီနေရာကနေ သွားလို့ ရပါတယ် ခင်မျာ
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment