ဒိုင်ခွက်တစ်ခုထဲ ကျွံနေတဲ့ အရွေ့







 
 ဟယ်လို
ဟုတ်ကဲ့ပြောပါ၊ အခြေအနေလား
အခြေအနေအားလုံး အပြောင်းအလဲရှိနိုင်ပါတယ်။
အခုထိတော့ အခြေမှာ နေဆဲရှိပါသေးတယ်။
အပြောင်းအလဲက ပြောင်းပြီး မလဲသေးတာမျိုး
ဒါမှမဟုတ်၊ မပြောင်းဘဲ လဲထားတာမျိုးပါ ။
အဲဒီမှာအမှားတွေနဲ့
အဲဒီလိုမှားပြီး တွေနေတာလေ ။
အဲဒီ အမှားကိုချေဖျက်ပေးခဲ့ပါတယ်။
ဟုတ်ကဲ့ ၊ မပြောနိုင်သေးပါဘူး ။
ထင်ပါတယ်
ထင်ရှားနေတာပဲလေ ။
ဘာကိုမျှ မယုံနိုင်သေးတော့
ဘယ်လိုမှ မကြည်နိုင်သေးဘူးပေါ့ ဗျာ ။
ရပါတယ်၊ ခွင့်လွှတ်ပါတယ်
နားလည်ခွင့်လွှတ်ရမှာပါ
နားပြီးလည်ဖို့ ခွင့်နဲ့ လွှတ်ထားရတာပါ
အဲဒါကြောင့် နားလည်ခွင့်ကို လွှတ်ပေးကြပါဗျာ ။
လွှတ်ပေးကြရမယ့် ကိစ္စပါ ။
အကြောင်းထူးရင် ဆက်သွယ်ပါ့ မယ်
အဖြေကြားခွင့်ရရင် ဖြေကြားလိုက်ပါ့ မယ် ။            ။

                                   မောင်သော်တာ
သရုပ်ဖေါ်ဒီဇိုင်း ကိုထိုက်
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment