အိမ်


ဂျော်ဘွမ်တောင် ခါး ပန်းမှာ မီးခိုးငွေ့မ ​ဝေနိုင်
ဆိုင်းမိုင်တို့ တောင်ယာမီးမရှို့နိုင်သောကြောင့်...၊

ဘရန်နူးတို့ တောင်ယာမီးမရှို့နိုင်
လုလုတို့ တောင်ယာမသွားနိုင်သောကြောင့်...၊

ဇော်ဆမ်တို့ တောင်ယာမသွားနိုင်
ဂျာဆိုင်းတို့ ရွာမပြန်နိုင်သောကြောင့်...၊

ဖရော်မိုင်တို့ ရွာမပြန်နိုင်
Jinphaw တို့ အိမ်ခေါင်များစုတ်ပြတ်နေသောကြောင့်...၊

ဆာလောင်ခြင်း၊ ကြောက်ရွံ့ခြင်း၊ဆုံးရှုံးခြင်း၊ ၀မ်းနည်းခြင်းများ
လုံအောင်မိုးနိုင်ဖို့ အတွက်၊
ငြိမ်းချမ်းရေး သက်ကယ်များလိုသည်။
ပြေလည်ရေး ၀ါးများလိုသည်။
ပေါင်းစည်းရေး နှီးများလိုသည်။

တောင်တန်းပြာတွေမှာ၊
တောင်ယာမီးခိုးများ မဝေနိုင်သေးပေမဲ့
ယမ်းငွေ့များတော့ ဝေနေဆဲ...။


ခင် ဘုန်း ဝေ ဇော်
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment