ကွက်​လပ်
ငါ့ညဟာ
ညလို့ အမည်​​ပေးဖို့ မဖြစ်​နိုင်​​တော့ဘူး
'အိပ်​​တော့​လေ' ဆိုတဲ့
စကားသံ​လေးက
ခုမှ
တရားနဲ့​ဖြေလို့ မရ ​တော့ တဲ့
ဒဏ်​ရာ ဒဏ်​ချက်
တံခါးဖွင့်​သံ​တွေ နဲ့
အရသာ အာသီသ ချဉ်​ခြင်း တပ်​မက်​မှု
ငါ သူတို့လို မလိုဘူး
တစ်​ခုပဲ
မင်း
ချစ်​တဲ့မင်း
ကံတရား​လည်း
မမှားခဲ့ဘူး
(အချစ်​ရယ်)
မင်းက
သမီးကြီး ပီ သ ဖို့
ငါက
လူပီသဖို့ ကြိုးစားလိုက်​တာ
လမ်း​ဘေးစတိုးဆိုင်​ မှာ ဝယ်​မရတဲ့
အမျှင်​ ​တွေ ပြတ်​ ထွက်​ သွား တယ်
ငါတို့က
ကြယ်​​တွေကို ​တွေ့    ခဲ့
ပေ မယ့်
ကြယ်​​တွေက
ငါတို့ကို ​မြင်​ ခဲ့ မှာ မဟုတ်​​ဘူး
ခုထိ
ဖုန်း​ခေါ် လို့ မ ရ တာ ကို ပဲ
ရင်​ နာ တယ်​။
Share on Google Plus
About နေ အ ဝေး
    Blogger Comment
    Facebook Comment
0 comments:
Post a Comment