လူကြိုက်နည်းတဲ့ ကောင်



လူကြိုက်နည်းတဲ့ကောင် (မောင်ချောနွယ်)
ဈေးထဲမှာ ကိုယ်ထည်ပြည့်ပြည့် အရသာရှိရှိ
ရေချိုငါးသလောက်ကြီးက ၁၈ကျပ်တဲ့ ။
နာမည်လည်းဖျင်း အဆီအသားလည်းဖျင်းတဲ့
ငဖျင်းက ၂၈ကျပ် ဈေးတဲ့ ။
ဒါနဲ့ ဆိုင်ရှင်ကို မေးကြည့်မိတယ် ။
ဘာဖြစ်လို့များ အရသာလည်းရှိ ကိုယ်ထည်လည်းပြည့်တဲ့
ရေချိုငါးသလောက်က ဈေးနည်းနေရတာလဲလို့ ။
လူကြိုက်နည်းလို့တဲ့ ။
ငါးဖျင်းကတော့ လူကြိုက်များလို့ ဈေးကြီးတယ်တဲ့ ။
ဟုတ်ကဲ့ မောင်ချောနွယ်ဟာ
လူကြိုက်နည်းတဲ့ကောင်။




PDFလူကြိုက်နည်းတဲ့ကောင် (မောင်ချောနွယ်) PDF – (49.5 KB
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment