နာမည်က
လောကဆိုလားပဲ၊ကံကြမ္မာဆိုလာပဲ၊ဘာဆိုလားပဲ
တောင်း သ လောက်လည်း
ငါ့ အစွမ်းအစ တွေ
အကြိမ်ကြိမ် ငါပေးခဲ့ပြီးပြီ။
လျှော့ခိုင်းသလောက်လည်း
ငါ့ဂုဏ်သိက္ခာတွေ
အကြိမ်ကြိမ် ငါလျှော့ပေးခဲ့ပြီးပြီ။
ဆေးပေါ့လိပ်က
တစ်ခြမ်းမီးလောင် တစ်ခြမ်းမီးသေ
လက် ဖက်ရည်က
တစ်ဝက်ချို တစ်ဝက်ခါး
သီချင်းက
ဆိုင် ထဲ က ဖွင်နေတာ တစ်ပုဒ်
အပြင် ဘက်က အတင်းတိုးဝင် လာတာ တစ်ပုဒ်။
အဆင်ပြေရဲ့လား မေးမြန်းကြ
အဲဒီ အဆင်ပြေရဲ့လား မေးခွန်းထက်ပိုပြီး အဆင်ပြေ အောင်
ဘယ်သူမှ မ မေး မြန်းကြ။
ကွန်စစ်ကောင်း
Published with Blogger-droid v2.0.6
0 comments:
Post a Comment