အသက် ၆၀ ပြည့်ရင်



ကျွန်တော်ဟာ အသက် ၆၀ ပြည့်ရင်
ဒီလိုနေထိုင် မယ်
ဘီယာဆိုင် ထဲမှာ ည နေ ခင်းကိုကုန်လွန်စေပြီး
လူငယ်တွေကို
ကိုယ်တိုင် ကပြခွင့်မကြုံလိုက်တဲ့ ပြဇာတ်တစ်ပုဒ်လို
ထိုင်ကြည့်နေမယ်

ကျွန်တော်ဟာ အသက် ၆၀ ပြည့်ရင်
ဒီလိုစာအုပ်တွေဖတ်မယ်
သူတို့ဟာ တောင် ထိပ် ကိုခက်ခဲပင် ပန်း စွာ
တက်ခဲ့ကြတယ်
ဒါပေမယ့် တောင် ထိပ် မှာ ဘာ မှ မရှိ
သူတို့ဟာ သူတို့အမည်နာမ တွေကို
ကျောက်တုံးတွေပေါ်မှာ ထွင်းထုထားရစ်ခဲ့ကြ လေ ရဲ့
ဆိုတဲ့စာအုပ်မျိုး

ကျွန်တော်ဟာ အသက် ၆၀ ပြည့်ရင်
လူတကာကို
ဒီလိုမေးခွန်းတွေမေးမယ်
မင်းမှာ ကိုယ်ပိုင် အိမ် လေး တစ်လုံးရှိလား
မင်းမှာ ကိုယ်ပိုင် စာအုပ်တစ်အုပ် ရှိလား
မင်းမှာ ကိုယ်ပိုင် ဒုက္ခတရားရှိသလားလို့

ကျွန်တော်ဟာ အသက် ၆၀ ပြည့်ရင်
ဒီလိုပြုမူမယ်
နှုတ်ခမ်းမွေးမရိပ်တော့ဘူး
လျက်ဆား ခဏခဏ လျက်မယ်
အခန်းထဲက ပိုးမျှင်၊ ပင့်ကူအိမ်တွေအောက်မှာ
ငြိမ်ငြိမ် က လေး ငိုက်မြည်းနေမယ်။

ကျွန်တော်ဟာ အသက် ၆၀ ပြည့်ရင်
ဒီလို စာမျိုးတွေ ရေးမယ်
ဒုက္ခတရားဟာ ဘဝကိုတွေးခေါ်စေခဲ့ပြီး
တွေးခေါ်ခြင်းဟာ
ချမ်းသာစစ်ကို ဦးတည်စေခဲ့လို့။

                                     
                                                နေမျိုး
                                         ၃၊ ၇၊ ၁၉၉၉။

*"ကြယ်များနဲ့အတူ"
ကဗျာစာအုပ်မှ
ကူးယူဖော်ပြသည်။

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment