ရှင်တည်ခင်းသမျှ သုံးဆောင်ပါ့မယ်
အဆိုးဆုံးက ဘာဖြစ်နိုင်မှာမို့လို့လဲ
အယုံအကြည်မဲ့မှုထဲမှာ ချစ်ခြင်းမေတ်္တာကို မယုံကြည်ရတာ အဆိုးဆုံး
သတိထားပါဦး
ကျွန်မဘာတွေ ပြောနေမိပါလိမ့်
ပဟေဠိဝှက်တမ်းကစားကြမလား
ဒါမှမဟုတ် အမဲလိုက်ထွက်မလား
အားလုံးမြေပုံတစ်ခုစီ ရမယ်
ရှင့်စကားမို့ အမှန်လို့ မှတ်လိုက်ပါ့မယ်
သိပ်ရုပ်မဆိုးတဲ့ မကောင်းမှုလေးပါ
ရှင်က အကောင်းမြင်တတ်တယ်
ကျွန်မက အကောင်းမမြင်တတ်ဘူး
ဒီသွေးထဲ စီးနေတဲ့ ဒီစိတ်တွေကို ဘယ်လိုဖောက်ထုတ်ရမလဲ
တစ်ပါးသူရဲ့ ဒုက်္ခကို မျှဝေခံစားတဲ့သူက အရူးပဲ
ဆံသဆရာကတော့ ဘယ်ခေါင်းကိုမဆို ညှပ်ပေးမှာပါ
အချိန်တွေ ဒီအတိုင်းကုန်သွားတော့လည်း ဘာအရေးလဲ
ရှင်ပြောသမျှ ရှင့်စကားချည်းပဲ
ကျွန်မဆံပင်ဖြောင့်တာ ၀ိတ်ချတာ ဘာကြောင့်လို့ ရှင်ထင်လဲ
ကျွန်မကိုယ်ကျွန်မ မုန်တီးနေအောင် ရှင်လုပ်ခဲ့တာပဲ
ခွင့်လွှတ်ပါ ရှင့်ရဲ့ မျက်လှည့်တွေကို ငြီးငွေ့နေပြီ
ရက်ပေါင်းများစွာ ကြာခဲ့ပြီ
တတိယဆောင်းတွင်းကိုလည်း ဖြတ်သန်းရဦးမယ်
ကျွန်မကို ဘယ်လောက်ကြာကြာပစ်ထားမှာလဲ
လူတစ်ဦးကို ဖယောင်းတိုင်တစ်တိုင်ပဲ
သိပ်အယူမသီးစမ်းပါနဲ့
ကျွန်မက ရှင့်လို မအားဘူး
ခက်ခက်ခဲခဲရတဲ့ အောင်မြင်မှုက ပိုမက်မောစရာပေါ့
ရှင်ရော မိုးကုပ်စက်ဝိုင်းအသစ်ကို တောင့်တဖူးလား
ပေါ့ပေါ့ပါးပါး ဒဿန ဆာလောင်မှု ချစ်ခြင်းတရား မျှော်လင့်ချက်
ကျွန်မက ပုံပြင်တွေ စုဆောင်းနေကျပါ
အမှန်တရားဆိုတာ ရှုပ်ထွေးပါတယ်
တစ်ဦးဦးကတော့ ရိုးသားမှဖြစ်မယ်
အလိမ်အညာတွေကို နားထောင်ရတာထက်
ကိုယ်တိုင်လိမ်ညာလိုက်ရတာက ပိုကောင်းရဲ့မဟုတ်လား
အိပ်မက်မြူ
( ရယ်စရာမဂ္ဂဇင်း - September 2012 )

0 comments:
Post a Comment