အေးဆေးပဲ တစ်နေရာကို ကြည့်လိုက်ရင် စွမ်းအင်လိုလို ရတယ်
တိမ်တွေ တရွတ်ဆွဲနေတာ မင်းမှာသာ မျက်စိရှိရင် ကဗျာဖတ်လိုက်လို့ ရတယ်
ပတ်တီးစတွေ လုံးထွေးနေတာ အမြင်မတော်ဘူးလား တော်တော်မြင်သလား
အရပ်သားအားလုံးကို ဘာရည်ရွယ်ချက်နဲ့ ဘာဖြစ်လို့လဲဆိုတော့ ဘာဖြစ်သလဲ
နေဘယ်အချိန်ရောက်မလဲ ကိုက်ခဲ မီးခိုးလုံးကြီးတွေ ဆို့နေတယ်
အားလုံးပျောက်သွားကြရတာပေါ့လေ ပျော်တာမျိုးရော မဖြစ်နိုင်ဘူးလား
သွေးကြောတွေကို ပေတံနဲ့ လာတိုင်းပြီး ဖြတ်တောက်ပစ်ကြတာလည်း
နေမကောင်းကြောင်းပြောပြရန် မေးရိုးကြီးတွေကို ဖြုတ်ခံရသလိုပေါ့
ဒင်လို့ ကိုယ်ထင်တယ် ဘာလဲ သိသလား ညောင်းညာ
လူးမရ လွန့်မရ ကြာတောင့်ကြာရှည်
သန်းခေါင်ကျော်မှာ နေ့တိုင်း တစေ်္ဆဖြစ်ရတယ် ဒဏ္ဍာရီ
ရေလို စီးတဲ့ ထိတ်လန့်တကြား
တောင့်ခဲနေမည်မှာ တောင့်ခံ စက်တွေကြား မင်္ဂလာပါ
ဆန်ခါပေါက်တွေကို ကျောဘက်ဆီ ရွှေ့လိုက်တယ် တကယ်
လက်ညှိုးလေး ထိုးထည့်ကြည့်တယ် အားးးးးးစ်
အထဲမှာ တစ်ခုခုရှိရင် ခက်ရချေရဲ့
ပြောင်းပဲ ထောပတ်လို့ သက်သောင့်သက်သာပြောင်းသုံးချင်လည်း သုံး
ဂန်းလို့လည်း တချို့ခေါ်ကြတယ် ချွင်းဂန်းကြီးဟာ လမ်းနဲ့ ဖိနပ်မှာ ကပ်နေတာ
စိတ်အနှောင့်အယှက်တစ်မျိုးရတယ်ပေါ့
ယုံကြည်မှုမရှိဖြစ်ရတဲ့ အကြောင်းတွေကို ညတိုင်းတော့ မပြောနိုင်ဘူး
အဲဒီရဲ့ အထိအတွေ့ဟာ အမွေးအမှင်တွေနဲ့ ထိတွေ့ရသလို ဂျိ ဂျိ
ကောင်းသလား အကုန်ကောင်းသလား
ကြည့်မိတဲ့ မျက်စိတွေ ယားကျိ မျှားခံရပြန်တယ် ကျိန်းစပ်နေတာပဲ မာယာ
ကိုယ့်လက်ညှိုးကိုယ် ကိုက်ဖြတ်စားပစ်လိုက်တယ်
သတ်္တ၀ါရဲ့ ဂျစ် ဂျစ် ဘာစကားပြောတာလဲ
တစ်မျိုးပြောင်း တစောင်းကောင်းသလား ဖုတ်လှိုက် ဖုတ်လှိုက် ထပ်ခါ ထပ်ခါ ပေါက်ပွားခြင်း
အရောင်ဆိုးထားတဲ့ ဗြောင်းဆန်နေသော ၀ဲထွက်ပေါက် တစ်ပေါက်ချင်း
ထွက်လို့ကို မရဘူး လျှောက်မထွက်နဲ့ ဘယ်တော့မှ နှစ်ခါထပ်မဖြစ်ဘူး
မြှောက်ကြ စားကြ နုတ်ကြ ပေါင်းကြ ကျပန်း
ဒီကောင်တွေ ခန်္ဓာထဲအထိ ၀င်လာရင် မီးတောက်ပစ်လိုက်တော့မယ်
ကင် အလယ်တစ်ပိုင်း အောက်တစ်ပိုင်း အပေါ်တစ်ပိုင်း
တူးကျွမ်းတဲ့အထိ ငါနဲ့ တူနေတယ်
သည်းထိတ်ရင်ဖိုဖူးကြတယ်မဟုတ်လား မကောင်းဆိုးဝါး
စိုးမင်းအောင်
( ရယ်စရာမဂ္ဂဇင်း - September 2012 )

0 comments:
Post a Comment