အယ်လ်ကိုဟောလ်နဲ့ လိင်ကိစ္စနဲ့ တစ်နေ့ညက ၁၀၀ရာခိုင်နှုန်း အပြည့်

အဲယားကွန်း ပူလောင်နေတယ် အယ်လ်ကိုဟောလ် ၇ ရာခိုင်နှုန်းနဲ့ ကိုယ်
ကိုယ်ပူနေတယ် တွေးချင်သလို တွေး ချောက်ချားစရာ မက်ဆေ့ခ်ျ
အချစ်အကြောင်း ငါကောင်းကောင်းကို မသိသေးဘူးဆိုတော့ ရယ်မိတယ်
လိင်ကိစ္စ ၉၀ ရာခိုင်နှုန်းနဲ့ ကိုယ် ကိုယ်တို့ ကျန်တဲ့ ၃ ရာခိုင်နှုန်းကို
မရှာမိ မတွေ့
မနက်ငါးနာရီနဲ့ ခုနစ်နာရီကြား ချောက်ချားစရာ မက်ဆေ့ခ်ျအကြောင်း ပူတယ်
စိတ်ပူတယ် ညီမလေး ကြာသပတေး သမိုင်းဦးဘုံမြေခေတ်က လုလင်ပျို
++ အချစ်ဆိုတာ ပိုက်ဆံတဲ့ အချစ်ဆိုတာ မြေအိုးမြီးရှည်တဲ့ အချစ်ဆိုတာ
အွန်လိုင်းစာမျက်နှာပေါ် အမြန်ရိုက်ထည့် လိုက်တဲ့ စာသားတဲ့ ဒါအကျင့်ပဲ
ခေတ်ပေါ်အချစ်အကြောင်းအဓိပ္ပါယ်ဖွင့်ဆိုချက်အသစ် စာသားတချို့နဲ့ ကိုယ့်ခပ်တိုးတိုး
ဒါအမူအကျင့်ပဲ သိပ်ကြိုက်မိရင် ကိုယ့်မှာ ခဏခဏ ပျင်းရိငြီးငွေ့စရာ အခြေအနေ
အခန်းတစ်ခန်းရှိလိမ့်မယ် အဲယားကွန်း ပူလာမယ် ကန့်လန့် ဘာအရောင်ဖြစ်ဖြစ်
အပြည့်ဖြန့်ချမယ်
တီဗီထဲမှာ တီဗီသေးသေးလေးတစ်ခု ပုန်းလျှိုးကွယ်လျှိုးရှိနေမလား ကိုယ်အခု အခန်းထဲ
အဲယားကွန်းက လွဲလို့ ကျန်တာအားလုံး ပူလာမယ် ကိုယ်လည်း ပါတယ် ကိုယ်ပူလာတယ်
ဘ၀မှာ ဒီအကြောင်းက လွဲလို့ ပျင်းစရာတွေချည်း လိင်ကိစ္စပါဝင်ပတ်သက်မှု ၉၀
ရာခိုင်နှုန်းနဲ့
ဘရူနိုမားစ်သီချင်းတွေက လွဲလို့ ကိုယ့်ဝက်ဘ်ပေ့ခ်ျလေးက လွဲလို့ ကဗျာတွေက
လွဲလို့ အဆိပ်ခွက်က လွဲလို့ သတ်သေချင် စရာတွေချည်း
ကြိုးကွင်းတွေအနား မမခရေ ပြောဖူးတယ် မင်းက သိပ်ရယ်ရတာပဲ
ဆက်သွယ်မှုဧရိယာပြင်ပ ညီမလေး တစ်ခါတလေသိရဲ့နဲ့
မသိသလိုနေမှ ဖြစ်မယ့် ကိစ်္စတွေ ရှိတယ် အစ်ကို
တစ်ခွန်းတည်း စိတ်ပူသွားတယ် ကိုယ်ပူသွားတယ် ပိုက်ဆံ မြေအိုးမြီးရှည်
အွန်လိုင်းစာမျက်နှာပေါ် အမြန်ရိုက်ထည့်ထားတဲ့ စာသားအပြင်
အချစ်ဆိုတာ အွန်လိုင်းစာမျက်နှာက လက်မခံလို့ ပြန်အန်ထွက်လာတဲ့ စာသားလည်း
ဖြစ်တယ် တယ်လီဖုန်းထဲက အသံဖိုင် လည်း ဖြစ်တယ် တစ်ခွက်
နောက်တစ်ခွက် အ၀ါရောင် ရွှေရောင် ထပ်မထည့်နဲ့ ထပ်မထည့်နဲ့တော့ သူငယ်ချင်း
ရင်ထဲမှာ ပူနေပြီ လောင်နေပြီ ကိုယ်ပူ နေပြီ
ဖိနပ်ချွတ် ခြေဆင်းထိုင်တယ် ဒီမှာ ဟေ့ကောင်... အချစ်ဆိုတာ တော်ပါတော့ကွာ
အယ်လ်ကိုဟောလ် လူငယ်တွေပြောနေကျ မဲပြာပုဆိုးလိင်မှုကိစ္စ၇ ၂၀ ၆၀ ၉၀
ရာခိုင်နှုန်း တဖြည်းဖြည်း
မြင့် မြင့် မြင့်တက်လာတဲ့ အခြေအနေ နာရီဝက် တစ်နာရီ နှစ်နာရီ နံနက်
ကိုယ် ကိုယ်တို့ ငါးယောက် ပူလောင်နေတယ် အယ်လ်ကိုဟောလ်အခိုးအငွေ့နဲ့
လိင်စိတ်အခိုးအငွေ့နဲ့ အဲယားကွန်း တစ်ဆယ့် ခြောက်ဒီဂရီ ဆဲလ်စီးယပ်စ်
ကိုယ်ပူလာတယ်
စိတ်ပျက်လက်ပျက် လူသားဘ၀ အသက်ရှင်မှု အတ္တ အသက်ရှူရပ်ပစ်လိုက်ချင်စရာ
ကမ္ဘာ ကြားပေါက်ကလေးတစ်ခုထဲ ကိုယ် ငါးယောက် အဲယားကွန်း လူတစ်ခု
ပူမှုရယ်တဲ့ ဆယ်ကုဋေ
စိတ်ဓာတ်ပဲ ကိုယ်ပူလာပြီ ကြားပေါက်ကလေးထဲ
ကိုယ်တို့ အထာနဲ့ အကန့်နဲ့ တစ်နာရီ နှစ်နာရီ အယ်လ်ကိုဟောလ် ၈၀
ရာခိုင်နှုန်း လိင်ကိစ္စ ၉၀ ရာခိုင်နှုန်း ကိုယ့်အထာနဲ့ကိုယ် ရှာမတွေ့တဲ့ ၃
ရာခိုင်နှုန်းကို ဖျောက်ပစ်လိုက်ကြတယ် နံနက် ၃ နာရီအထိ

သူရဿဝါ

++အောင်ရင်ငြိမ်း၏ ကဗျာစာသား

( ရယ်စရာမဂ္ဂဇင်း - September 2012 )
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment