ခြင်​ ဆီ မဲ့


မြို့အောက်က မီးခိုးခေါင်းတိုင်ထဲမှာ
ဖန်တီးမှုရဲ့ ဓာတ်ပုံတွေ
တူးတုန်းက
ဂြိုဟ်ရန်ပေါင်းများစွာပါ တွေ့ခဲ့ရ

“မျက်မမြင်နေ” ရဲ့
ငွေကြေးပြပွဲကို ကျောခိုင်းပြီး
ငါဟာ
(၁%)အနုပညာရဲ့ ဘိသိက်ပွဲတွေ
သွားကြည့်ခဲ့တယ်
အန္တရာယ်မကင်းတဲ့
စုတ်ဝင်ခန်းတွေက ကြိုလို့

အဲဒီက
ချစ်ခြင်းဆိုတဲ့ အမြီးပန်းပုများ ရခဲ့ရင်လည်း
မုန်တိုင်းဘုရင်ပါ
(အပ်ဖျားမျှော်စင်နဲ့)
ကပ်ပါလာမယ်

နောက်ဆုံးတော့
စိတ်ပျက်စွာနဲ့ပဲ
ပြန်ခဲ့တယ်
ဆေးရွက်ကြီးပင် လမ်းများပေါ်မှာ။        ။

လူပန့်ငယ်
၉၈ အချစ်ကဗျာ စာအုပ်ကပါ

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment