်
အမြင်က စိုစိုစိမ်းစိမ်း
သဲလွန်စအတိုင်း ရင် ဘတ်ထဲဝင် လိုက်တော့ သွေ့ခြောက်ခြောက် သ ရောင်း
အမြန် ရထားလက်မှတ် ဖြတ်အပြီး
ဘူတာရုံလေးမှာ ဥသြသံတွေ ညို့မှိုင်းလာတယ်။
ဒဏ်ရာကို အရောင်တင်လိုက်မှ
ဦးခေါင်းအရေပြားဟာ အထင်းသား
အခုဆို မေမေကလည်း စိတ်ပန်းကိုယ်လျော့ ရှိရော့မယ်....။
တံစက်မြိတ်အောက်မှာ
ကလေးတွေ ရေမချိုးကြတော့ဘူး
လမ်းမပေါ် ဘောလုံးကန်နေကြတယ်....။ ။
ရိုးသက်
0 comments:
Post a Comment