မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းရပေသည်။
ရေဝေတောတွေ ဆိုင်းဆို့ဆို့
မှိုင်းညို့ညို့မှုံရီ။
ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့။
တစ်တောလုံးပြောင်
တစ်တောင်လုံးလင်း
မြစ်ကျဉ်းကာ သောင်တွေပေါ်တော့
နောင်အရှည်မျှော်မြန်မာ ပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ် အဖြစ်သဘော
မြစ်ကောတဲ့နေ့။
မောင်စိန်ဝင်း(ပုတီးကုန်း)
0 comments:
Post a Comment