ကံဆက်​တိုင်း

(၁)
ဘုရား​ပေးတဲ့ ကံကြမ္မာနဲ့
အဖန်​ဖန်
အခါခါ
မင်း နဲ့ ငါ
နေမကွယ်​ လမကွယ်​ ကမ္ဘာကြီးအလယ်
တစ်​ကိုင်းထဲမှာ
ဆုံ​တွေ့ခဲ့ကြတယ်

(၂)
ရိုးရိုး​လေးပါပဲ
ကြယ်​​တွေကို ဖက်​နဲ့ထုပ်​ပြီး
မင်း ကို ဆက်​ သချင်​ခဲ့တာပါ
ဒါ​ပေမယ့်
သစ်​ရွက်​​တွေသာ ​ကြွေခဲ့တယ်
နွေရာသီက ​ရောက်​မလာခဲ့ဘူး
       (တစ်​ခါမှ မသုံးရ​သေးတဲ့ ဓားက
         အသွားကျ တုံး ​နေ ခဲ့ တယ်​)

(၃)
နဂါး​ငွေ့တန်း
ကြယ်​ပတ်​လမ်း​တွေနဲ့
ကိုယ့်​အိပ်​မက်​ကို ​ခေါင်းအုံးရင်း
တစ်​ညလုံး
စာစီစာကုံး တစ်​ပုဒ်​​ရေးခဲ့မိတယ်
       (ချစ်​လိုက်​ရတာ..........
         ခိုင်​ရယ်​..........)

(၄)
အများကြီး မ​မျှော်​လင့်​ခဲ့ပါဘူး
မဇ္ဈိမ​တောင်​တန်း​ပေါ်က
စောင်းသံ​တွေလို
တစ်​ဘဝ
ပြီးတစ်​ဘဝ
နောင်​ ခန္ဓာဖြစ်​တိုင်း
        "ဤ သစ်​ကိုင်း​လေးမှာ
          ဤ မျက်​နှာဝိုင်း​လေးနဲ့သာ"
အဖန်​ဖန်
အခါခါ
ကံဆက်​တိုင်း ပြန်​ကာ
တွေ့    ရ    ​စေ။          ။

နေ အ ​ဝေး
၂၀၀၇။

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment