မင်းအပြုအမူကို ကိုယ်​စားပြု​သော ငါ့သီချင်း


ငါထင်ခဲ့တယ်
မင်းနဲ့ဝေးရင် ငါ့မနက်ဖြန်ရဲ့အ ရောင် ဟာ အ မှောင်လို့
အားလုံးလွဲတာပဲ
ကောင်းကင်ကြီးကလဲ မီးကုန်ယမ်းကုန်ပြာလို့
ငှက်ကလေးတွေ သီချင်းအသစ်ကို ထိုးလို့ဆိတ်လို့
ပြည်လမ်းမပေါ် နေလုံးကြီးက တက်လိုက်ဆင်းလိုက်
ငါလည်း ဂျင်းဘောင်းဘီဝတ်လိုက်
လက်ဖက်ရည်ဆိုင်ထိုင်လိုက်
သူငယ်ချင်းတွေနဲ့ ပျော်လိုက်ပါးလိုက်
စကြ၀ဠာကြီးထဲ
ယင်ကောင်လေးတစ်ကောင်
ထိုးကျပျက်စီးသွားတာပါ
နည်းပညာခေတ်ကြီးထဲမှာ
‘အာဒမ်’ဟာ နံရိုးတွေအများကြီးနဲ့ ။

မောင်​ဖီလာ
၂၀၀၄

(ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများ – မောင်ဖီလာ၊ ကျော်မွှေးစာပေ၊ ၂၀၀၉။)

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment