အလှမြို့မှာ ဘ၀တစ်စိတ်သာ

 
တိမ်တွေကိုဝါး ကောင်ကင်နဲ့ ကစားတဲ့မြို့
တောင်တွေကိုနင်း ကျောက်သားမြေကျောခင်းအိပ်တဲ့မြို့
တိုင်းရင်းသားတို့ကို ကုန်ပိုး အလှတွေတိုးစေတဲ့မြို့
မိုးညိုညိုမစဲ အအေးဓာတ်ကဲတဲ့မြို့
နှင်းပွင့်စိုစို ချစ်သူနဲ့ဝေးနေသူတွေ ငိုရတဲ့မြို့
မြေလွတ်မြေရိုင်းမှာ စိမ်းလန်းခြင်းနဲ့ အလှဆင်
ပန်းအသွင် အမြင်ဆန်းစေတဲ့မြို့
မြူတွေပိန်းပိတ် နှင်းစက်ပွင့်တွေ
ချော့သိပ်မှအိပ်စက်တတ်တဲ့မြို့
သလဲသီးနဲ့ စတော်ဘယ်ရီဖန်ဆင်း
ချယ်ရီပင် ထင်းရှုးခင်းနဲ့မြို့
အနွေးထည်ရေစီးကြောင်းနဲ့ အလှဆင်
ထာဝစဉ်အသွင်ဆန်း လူသားများပျံသန်းတဲ့မြို့
နှင်းပုဝါရစ်သိုင်းခြုံ သက်မဲ့ရုပ်ဝတ္ထုတွေတောင်
ခိုက်ခိုက်တုန် မေမျောလို့ ငြိမ်သက်စေတဲ့မြို့
ရှမ်းတရုတ်မလေးများရဲ့လက်ရာ
ရှမ်းစာတွေနဲ့ လျှာလည်ဖို့ ဒေသစာတွေနဲ့ သိမ်းသွင်းတဲ့မြို့
နန်းမြို့ဟောင်းမြို့တော်နဲ့ တရုတ်နယ်စပ်လာရှိုးလမ်း
အမောပြေရန် နားခိုစေနိုင်တဲ့မြို့
ဗုဒ္ဓဘာသာဝင်တိုင်း ဖူးမြှော်သင့်တဲ့ ပြည်ကိုချစ်တဲ့ဘုရားနဲ့
ဆန်းသစ်ထူးခြား နှီးဘုရားရှိတဲ့မြို့
ရေတံခွန်ပွဲကောက် ပိတ်ချင်းမြောင်ဂူအလှ
ဓာတ်တော်ကျပင်ကိုယ်ထူး အလှတွေနဲ့မြို့
သူမတူမြို့ပြဟန် ကျေးလက်ဆန်ဆန်နဲ့ စိတ်အေးချမ်းစွာ
နားစက်နိုင်မှုကြောင့် အပန်းဖြေလာသူများတဲ့မြို့
တသက်တာ နားခိုခြင်းမဟုတ်သော နားခိုမှုတစ်ခုနဲ့ရှင်သန်
သြော်…
အခြေအနေမှန်ရောက်သွားတဲ့အခါ
နင်နဲ့ငါ ခွဲခွာခြင်းစစ်ပွဲ
ခင်းကျင်းရဦးမှာပါလား ပြင်ဦးလွင်…။

.
.

ယဉ်လေး (မြန်မာစာ)
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment