ငါ နဲ့ ငါး

ဘာလို့များ

ငါ့ရဲ့နေရာကို

အိပ်မက်တွေပေးဖို့

တက်လာခဲ့ကြသလဲ

လှိုင်းတို့ရယ်…။

 

ကျောက်ဆောင်တွေ

ထာဝရမိုးအုပ်နေတဲ့

ငါ့ရဲ့ လျှိုက လေးထဲမှာ

ငါးတချို့ကို ချန်ထားလို့

ဝမ်းစာတစ်ခုအတွက်သာ

ငါ အသက်ရှင် ခဲ့ရင်ဖြင့်

သူတို့ကို တံစို့မှာ ကင်မိလိမ့်…။

 

ကံက ခေဆဲပါ

သမုဒ္ဒရာရဲ့ ကမ်းခြေမှာ

ပုလဲရတနာနဲ့ လဲနိုင်မယ့် ငါးတို့က တော့

ငါ မျှားတိုင်း ပါမလာခဲ့။

                                    ခင်မြဇင်

             ကြိုးညှိခြင်း ကဗျာစာအုပ်မှ

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment