ည မဟုတ်ဘူး
နေ့ မဟုတ်ဘူး
ပန်ကာလေနဲ့ ကြွေနေတဲ့ အခန်းထဲ
အများဆိုင်နာမ်တစ်ခု အနှုတ်ပြ
နှိပ်လို့မရတော့တဲ့ ဂဏန်းနဲ့
ငါ့မှာ
မလျှော်ရ သေး တဲ့ စောင်နဲ့
စောင်းတောင်းတောင်း "ဆောင်း"လို့
ကင်ပွန်းတပ်
ပြတ်သွားတဲ့ ဖိနပ်လေးကို
သဲကြိုးလဲတပ် လိုက်ပြီ
ဆိုတဲ့သတင်း
လမ်းထိပ် ကင်းတဲ ကနေ
လပ်နှိပ်ဓာတ်မီး မလင်းပဲ
လာတယ်
မီတာစောင့်ရှောက်ခ
၅၀၀ ပြုတ်ကျတော့
တစ်နိုင်ငံလုံး ထခုန်မလား
ခုန်ထမလား
တွေးကြောက်
ဘေးပေါက်ဘာဆို ဘာမှ မရှိတဲ့ လောကကြား
အီကွေတာ အနားသတ်တွေ
ပဲ့ရွဲ့
ယဲ့နေတဲ့
မက်ရယ် .... ....
မောရယ် .... ....
အင်ဂျင်နီယာမလေးရယ် .... ....
ဗလာခေါက်
ခေါက် သိမ်းထားလိုက်တော့မယ်
ဆိုတာ
အဒါ
ဘွဲ့ယူတုန်းက
အတူတူရိုက်ခဲ့ကြတဲ့ ဓာတ်ပုံလေးကို
ပြောပြ တောကျ
တစ်ခါကပေါ့
"ငုဝါတွေက
သူ့အပွင့်တွေ
ဝါသထက် ဝါတာ
ပြဖို့အတွက်
သူ့အရွက်တွေကို
ခြွေ ရက် ခဲ့ ကြ တယ်"
.... .... .... .... ....။
နေ အ ဝေး
17.OCT.2013
4:50AM
like
ReplyDelete