DAILY သတင်းစာဖတ်​ခြင်း


မီးခိုးတွေ အူနေတာလည်း တွေ့ရတယ်။
နေခြည်ဖြာနေတာလည်း မြင်ရတယ်။
လေနုအေးလေး နော့နေတာလည်း ခံစားရတယ်။
လေပြင်းဝင်ကျုံးသွားတာလည်း ကြုံရတယ်။

ထုပ်တန်းပေါ်
ကြွက်တစ်ကောင်ပြေးလွှားနေပုံကို
အမိအရဓာတ်ပုံရိုက်ပြီး
အလင်းအမှောင်ချိန်၊ focus ဖြတ်
အောက်ခြေစာသားနဲ့
စာမျက်နှာအလွတ်ပေါ် ခပ်တည်တည်ကပ်ထားတာလည်း တွေ့ရတယ်။

တဖျပ်ဖျပ်ပြီးတော့ တလှပ်လှပ်
တလှပ်လှပ်ပြီးတော့ တဖျပ်ဖျပ်။

ကောင်းပါတယ် ဆိုးပါတယ်
အကောင်းအဆိုး ဒွန်တွဲနေတယ်ပေါ့။

အဲဒီဒွန်တွေနဲ့
တို့တတွေ
နေ့စဉ် စာမျက်နှာတွေပေါ်
ခေါင်းတွေယိမ်းထိုးနေကြတယ်။

.............
လူဇော်သစ်
(25-8-2013)

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment