ရိုက်​ကြဦးမလား၊ တိုက်​ကြီးတံမြက်​စည်း

ရိုးရာလက်ဝှေ့ပဲ သင်ပေးပေး၊ ကကြီးခခွေးပဲ သင်ပေးပေး၊ ကြက်ဖခွပ်ပဲ သင်ပေးပေး၊ ထုပ်ဆီးထိုးပဲ သင်ပေးပေး၊ ထမင်းရည်ပူ လျှာလွှဲပဲ သင်ပေးပေး၊ စစ်ပညာပဲ သင်ပေးပေး၊ လမ်းစဉ်လူငယ် တန်းစီညာညှိပဲ သင်ပေးပေး

ဒီအချိန်မှာတော့ ဘယ်သူနဲ့မှ ဖုန်းလက်ခံစကားမပြောချင်ဘူးဗျာ။
မတတ်နိုင်လို့ မိန်းမကို နောက်မိန်းမနောက်လိုက်သွားပြီလို့ ပြောခိုင်းတာ
ဒီလူ့ဘောင်မှာတော့ စုတ်တသပ်သပ် စာနာကြတယ်ဗျာတို့။
အမျိုးသမီးတွေ ကနေ့အထိ ဘာပြောသလဲ နားထောင်ရတာ အားရတယ်မရှိပါဘူး
အဲဒီတော့ အမိန့်ပေး ဝါကျသုံး ဖုန်းတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး သံယောဇဉ်တွယ်တတ်တဲ့ မင်းသားလေးဆီ ဖုန်းဆက်ရတော့တာ။

ဘယ်ဘဝင်းလဲ၊ မမြင့်နဲ့အတူ ရုံးတက်တဲ့ ဘဝင်းလား၊ ဗိုလ်ချုပ်အစ်ကို ဦးဘဝင်းလား
ရေသန့်ဘူးပို့ ဆိုက်ကားဆရာ ကိုဘဝင်းလားဆိုတာ ဘဝင်းဆိုတဲ့ကိစ္စမှာ
ဥပဓိ အမှတ်သရုပ် ကွဲပြားခွဲခြားရသလို အထွေထွေ လုပ်လို့မရတဲ့အပိုင်းတွေ တွေ့လာရတဲ့အခါ
စားပွဲတစ်ခုလုံး ဟိုက်ဂျင်လုပ် ခြောက်ဆယ့်ကိုး၊ ဖလဖခ ကိစ္စတွေမှာ
မတ်ခွက် သို့မဟုတ် ပုလင်းဖင်နဲ့သာ နားရင်းရိုက်ခွဲချင်တဲ့ အရိုင်းစိတ်တွေ
ဒီနှစ်အတွက် မေတ္တာလက်ဆောင်
ခုတလောလူတွေ အဆင်သိပ်မပြေကြဘူးထင်တယ်။ သိပ်မရိုက်ကြတော့ဘူး
ဓာတ်ပုံ၊ ရုပ်ရှင်၊ ဗီဒီယို၊ အိပ်စ်ရေး၊ စာစီစာရိုက်၊ ကိုယ်ရေးမှတ်တမ်းမှတ်ရာတွေကို အတည်ပြောနေတာ မဟုတ်ပါဘူး
သူတစ်ပါးနာကျင်ကွဲပြဲချုပ်ရမှ ထမင်းနပ်မှန်သူမို့ ငြီးတွားမိတာ။ ကားပွဲစားတွေ အရင်က အတောင်းဆိုဆုံး ငွေတောင်မှ အရောင်းမြှင့် မတ်ကက်တင်း ဆင်းမရ။ အိမ်ပွဲစား၊ လူပွဲစား၊ နတ်ပွဲစား၊ ကျောင်းပွဲစား၊ သိမ်ပွဲစား၊ ကန်ပွဲစား၊ တန်ဆောင်းပွဲစား၊ လမ်းပွဲစား ဘယ်မှာမှ ရန်ငြှိုးဘက်ရိုက်စရာ မရှိတော့တာ ငတ်လှသဗျာ – ရိုက်စရာရှိ လက်တို့လိုက်ပါဗျို့၊ ကျွန်ုပ်တို့ လက်ယဉ်သောရပ်ကွက် အလုပ်မရှိတော့လို့ပါ။ ကျွန်တော်ကား တစ်နေ့ရိုက်မှ တစ်နေ့စား အငှားရိုက်စားသူမျှ။

လူဆန်း
နှစ်ကာလများ – မတ်၊ ၂၀၁၃။

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment