ဗစ်ဂင် ရှ တိုင်းန် နဲ့ သီသီလေးလွဲသွားတဲ့ ကိုအောင်ဝင်း

“နှစ်ပေါင်းများစွာ အတူနေခဲ့ကြ” တဲ့အနက်ဟာ ဘယ်မှာဘာအရောင်လဲ။
ကျွန်တော်တို့ ကိုယ်တိုင်ဟာ နာကျင်ရတဲ့ဘာသာစကားသက်သေခံပစ္စည်းတွေပဲ။
အဲ့ဒါကို ထပ်ဝန်းရံဖို့ လိုသလားဆီ ဦးတည်တော့
သူသေပြီ မနက်လင်းအား မှိန်မှိန်မှာ ကျောက်ပန်းတောင်းမှာ။
မဖြစ်လာသေးတဲ့ ကိစ္စတစ်ခုကို “လင်ဂွစ္စတစ်က် အနဲလဆစ္စ” လုပ်ဖို့
မိခင်ဘာသာစကားထဲမှာပဲ စူးစူးဝါးဝါးရယ်သံအက်ကွဲကြီးတစ်ခု။
နောက်မျိုးဆက်လည်း စိတ်ကူးခဲ့တာ အလင်းအားနည်းတဲ့ ဘာသာစကားတစ်နေရာ
မှော်တွေဝင်ခိုနေတဲ့ အဓိပ္ပာယ်တွေ ကြွေတစ်ချို့ ဝေတစ်ချို့ ပြိုင်းပြိုင်းအရပ်မှာ
သံသယဖြစ်ဖွယ်လင်းပွင့်မှုဟာ ဘာသာဗေဒတိုက်လေတစ်မျိုးပဲ။
ကျွန်တော်တို့ တစ်ထစ်ချ ယုံကြည်ခဲ့ကြသလား။ ကြယ်ရည်တွေလို မသေချာ။
သူ့အမှတ်ရမှုတွေကို ဘယ်လိုစကားလွဲချော်မှုတွေထဲ စိမ့်ခဲ့သလဲ။
မှတ်မိပါသေးတယ် သူနဲ့ စကားပြောရတာ တစ်ခါတစ်ခါ မပွင့်တဲ့
လေထီးကြိုးဆွဲပြီး မော့ချလိုက်တာပဲ … ကမ္ဘာကြီးဟာ…
မပြီးဆုံးဝါကျတွေ အများကြီးနဲ့ အစချီထားတာ ဆိုတော့ကာ။
သူဟာနာနာကျည်းကျည်းနဲ့ အလင်္ကာကျမ်းကနေ အဘိဓာန်ရပ်ကွက်နဲ့
အဘိဓမ္မာဇရပ်မှာ သိမှုအတတ် ပြင်တော့တယ်၊ ဆရာမရှိ၊ တပည့်မရှိ။
နောက်ဆုံးသောက်ခဲ့ကြတဲ့ မြောက်ဒဂုံညဥ့်နက်ထဲမှာ သူဟာ
“လယ်စောင့်တဲ” ကဗျာအကြောင်းပြောရင်း
ဘာသာစကားကို ပါးပိတ်ရိုက်ပစ်လိုက်တယ်။ (မူးလည်းမူးနေတယ်)။
ကျွန်တော် သူ့ကိုကြည့်လိုက်တော့ သော့ပျောက်နေတဲ့ သော့ဂလောက်တစ်လုံးပဲ မြင်တယ်။
သူ့ကို တည်ဆောက်ထားတာနဲ့ပဲ သူနောက်ဆုံး အိမ်ထောင်ကျသွားတယ်။
ကျွန်တော်တို့ ကြားမှာ ပင့်ကူဥအိတ်ထဲက ပင့်ကူမည်းတွေ အများကြီး။
သူသုံးစွဲခဲ့တဲ့ အဓိပ္ပာယ်တွေဟာ သူဆုံးတော့မှ အရိုးစွဲအတိုက်အခံတွေလို
သူ့ကို ရာဇ၀င်ကြွေးနဲ့ အလေးပြုကြမယ်လို့ ထင်ခွင့်ရှိရင်ပေါ့။
ရှင်းရှင်းကြီးမှ ရှင်းရှင်းကြီးမှာ မြူတွေဝေလာတာမှ ရှင်းရှင်းပဲ။
သူဟာ ဘာသာစကားဒဿနကိုလှိမ့်တင်ရင်း လေချွန်နေလိမ့်မယ်။
အဲလိုပဲ မောင်ကြည်သစ်ကော မျှော်လင့်ခဲ့သလား (၁၉၈၉ – ၁၉၉၀)
ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာနနဲ့ လိုင်းဘောက်က အဖြူဆိုင်
ပန်းခရမ်းပြာ ဗေဒါလေး ကမ်းစပ်နားမှာငြိတွယ်…
ရေပြင်မှာ ခဏထင်ဟပ်ပြီး လွင့်မျောသွားကြတယ်
လူတစ်ယောက်ရဲ့ မိုးကုတ်စက်ဝိုင်းဟာ …. အိုး ရုတ်တရက်။           ။

ဇေယျာလင်း
မေ၊ ၂၀၁

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment