ငါမကြိုက်တဲ့သီချင်း


အရေထူလာတဲ့ ပြဇာတ်တွေ များလာခဲ့
ဖြစ်ရပ်က နူရာဝဲစွဲလည်း
ဖြုတ်ကိုက်သလောက်တောင် မနာတော့ဘူးလေ
အချစ်ဆိုတာဟာလည်း
အသည်းကွဲဖို့၊ ကဗျာရေးဖို့
ပျင်းရင် တံခါးကိုဖွင့်ကြည့်မယ်
ဘ၀က ခါးနေမှတော့
ပျားရည်လေး ချိုမလား မစမ်းသပ်ရဲဘူး
ဘ၀ဆိုတာ စကားလုံးနဲ့သာ ကြားဖူးသူတွေ
ခင်ဗျာတို့ အရေခွံတွေခွာကြည့်ပါ
ကျွန်ုပ်ထံမှာ မှတ်ချက်လာယူပါ
ဖယောင်းတိုင်ကုန်တော့မယ်
ရင်မခုန်တော့တဲ့ စာမျက်နှာတွေ ကျော်ဖတ်မယ်
မတူတရူ သွေးရူးသွေးတမ်းညထဲ
ခွေးအူသံတွေ ပိုကျယ်လာခဲ့
ငါ့မျက်လုံးတွေ ပိုကျယ်လာခဲ့
ညက ပိုကျဆုံးခဲ့
လမင်းရေ … မထီတရီ ငုံ့ကြည့်နေမယ့်အစား
ငါ့ရဲ့ လက်ရှိဘ၀ကိုပဲ လှိမ့်ပိန့် ကန်ကျောက်ပစ်လိုက်ပါတော့
နာကျင်နေတာ ဘယ်သူ ပိုသိဖို့လိုမှာလဲ။
                                                                   ညိုပြာဝိုင်
                                                                   ကြိုးညှိခြင်း ကဗျာစာအုပ်မှ
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment