အဝေးမှအဝေးဆီ
တမ်းတစိတ်လေးတစ်ဝက်တပျက်နဲ့
ပြတင်းတံခါးမှာရပ်မိတော့
ရပြီးသားဒဏ်ရာ ပြန်ဖွင့်ကြည့်ရသလို
ရင်ထဲမှာ စိမ့်ခနဲ။
ပြီးခဲ့တာတွေက
ပြီးခဲ့တာတွေပဲလို့ အဆင်မပြေမချင်း
တိမ်အရိပ်မှာ
အဆိပ်ဓာတ်က တဖွားဖွား။
တချိန်က ရွက်ဝေတောမှာ
ရွက်ခြောက်တွေ ကြွေလေပြီလား။
မေ့မရခဲ့လေဘူးဆိုတဲ့စကားသံနဲ့
ဆွဲဆန့်စရာရှုခင်းအသေထဲ
ဆည်းဆာကိုထမ်းရင်း ငေးခဲ့မိတယ်
ဒီစက္ကန့်တာ အချိန်တိုလေး။
သွေးပျက်ချင်းစဖွယ် မာယာကျော့ကွင်းက
ကြိုးတအိအိ
ငှက်တွေအိပ်တန်းပြန်သည်အထိ
အလွမ်းလေက မငြိမ်းတော့ဘူး။
ကိုထက်(ရေဦး)
၂၀၊ ၁၂၊ ၂၀၀၀
ကြယ်များနဲ့အတူ ခေတ်ပေါ်ကဗျာစာအုပ်မှ
တမ်းတစိတ်လေးတစ်ဝက်တပျက်နဲ့
ပြတင်းတံခါးမှာရပ်မိတော့
ရပြီးသားဒဏ်ရာ ပြန်ဖွင့်ကြည့်ရသလို
ရင်ထဲမှာ စိမ့်ခနဲ။
ပြီးခဲ့တာတွေက
ပြီးခဲ့တာတွေပဲလို့ အဆင်မပြေမချင်း
တိမ်အရိပ်မှာ
အဆိပ်ဓာတ်က တဖွားဖွား။
တချိန်က ရွက်ဝေတောမှာ
ရွက်ခြောက်တွေ ကြွေလေပြီလား။
မေ့မရခဲ့လေဘူးဆိုတဲ့စကားသံနဲ့
ဆွဲဆန့်စရာရှုခင်းအသေထဲ
ဆည်းဆာကိုထမ်းရင်း ငေးခဲ့မိတယ်
ဒီစက္ကန့်တာ အချိန်တိုလေး။
သွေးပျက်ချင်းစဖွယ် မာယာကျော့ကွင်းက
ကြိုးတအိအိ
ငှက်တွေအိပ်တန်းပြန်သည်အထိ
အလွမ်းလေက မငြိမ်းတော့ဘူး။
ကိုထက်(ရေဦး)
၂၀၊ ၁၂၊ ၂၀၀၀
ကြယ်များနဲ့အတူ ခေတ်ပေါ်ကဗျာစာအုပ်မှ
0 comments:
Post a Comment