စွန့်ပစ်ခံရခြင်းတွေရဲ့ လှလှပပ တောက်ပနေခဲ့ အိမ်ပြန်ချန်
သေချာတာဆိုလို့
မသေချာမှုတွေကိုပဲ အလုံခြုံဆုံး သိမ်းဆည်းထားခဲ့
(ရင်ဘတ်တစ်ခုနဲ့ မရေးသားရသေးတဲ့ သေတမ်းစာထဲမှာ)
အရင်ကအတိုင်းပဲ
မုတ်သုန်လေနဲ့အတူ မျက်ရည်တွေ အသွေးအသားထဲ ရွှဲရွှဲနစ် ရွာသွန်းခဲ့။
ချန်ထားခဲ့တယ်
ရှင်းပြခွင့် မရနိုင်တော့တဲ့ နွေဦးပေါက် နှုတ်ခမ်းဖျားတွေ
အတူတူဆုံ ဖတ်ရှုခဲ့ဖူးတဲ့ မျက်ဝန်းတွေရဲ့ ဘာသာပြန်တွေ
အလုံပိတ် ပျော်ရွင်မှုထဲက ခွဲခွာရခြင်းတွေ
အလိုလို ဆွံ့အသေဆုံးခဲ့ရ နားလည်မှုတွေ
နှစ်ခါပြန် မက်ခွင့်မရှိတဲ့ အိပ်မက်တွေအတိုင်း
ကျွန်မရဲ့ ပိန်းပိန်းမှောင်ညများထဲ အလင်းစတွေ ထပ်ခါတလဲလဲ ကျကွဲခဲ့။
ခရမ်းပြာရောင် တောက်ပနေခဲ့သော နာနာကျင်ကျင် အပြုံများထဲ
ကျွန်မအတွက် လောကဓံတရားဟာ
“လောက” ရဲ့ “ဒဏ်ရာ” တွေကို “ဖြစ်တည်မှု” ထဲ လောင်းထည့်ခံရခြင်းမျှသာ
ခံနိုင်ရည်တွေနဲ့ အသားကျ ဖွင့်ဖောက်လို့မရတဲ့ မျိုသိပ်မှုထဲမှာက
တမျှော်တခေါ် စိုက်ပျိုးထားတဲ့ သတိရတတ်ခြင်းရဲ့ အသံထွက်တွေရှိနေတယ်။
သွေး(စစ်ကိုင်း)
ကြိုးညှိခြင်း ကဗျာစာအုပ်မှ
ယခုကဗျာများအား ခေတ်ကျန်ကဗျာများ site မှ ကူးယူဖော်ပြပါသည်။
0 comments:
Post a Comment