နာကျင်ခြင်း

တံလျှပ်များနဲ့ လမ်းမများ
ခေတ်ထဲ
ဘယ်သူမှ ရွှေသမင် အလိုက် မမှားတော့ဘူး
အားလုံးဟာ မုဆိုး
သားကောင် ရှားပါးနေတဲ့ မြို့ပြ တောနက်ထဲ
မုဆိုးက မုဆိုးကို ပြန်လိုက်
သားကောင်က သားကောင်ကို စိုင်သင်
သတ်ကွင်းမှာ
သွေးမထွက်သော ဒဏ်ရာများ
နားလည် စမ်းပါ
တန်ဖိုးကြီး ကားအတွက်
တန်ဖိုးကြီး ကိုယ်ကျင့်တရားဟာ တန်ဖိုးမဲ့
လူသားချင်း ချစ်တတ်ဖို့တော့
အဲ့ဒီနေ့က ကျောင်းမတက်ကြဘူး
မိုက်ရင်ထွက်ခဲ့ ဆိုတဲ့ အသံနောက်ကို ဘယ်သူမှမလိုက်တော့ပါ
မိကောင်းဖခင်သားသမီးများနဲ့ အသံတိတ်သေနတ်ဟာ
ယဉ်ကျေးမှု သေမင်း ပဲ
ယုံလား
မယုံရင်လည်း ဒိုးတော့
ကောက်ရိုးတစ်မျှင်နဲ့
ငါလည်း အသက်ငွေ့ကလေးကို
ကျမ်းမာအောင်စောင့်ရှောက်ထားရတော့
မင်းကို အားနာပါတယ်ကွာ ။ ။

စစ်ငြိမ်
25-5-2013
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment