ညည
အိမ်အပြင် ဘက် လမ်းလျှောက်ထွက်တယ်
ဘယ်ဘ၀ရဲ့ အဆက်အသွယ်လဲ မသိဘူး။
မိုးအလင်း လက်ဖက်ရည်ဆိုင် မှာ
ကော်ဖီတစ်ခွက်မှာ
စီးကရက်လေးဖွာပြီး
ပြန်မလာသေးသူ အကြောင်းမေးတယ်။
ရေ နွေးတစ်ခွက်နှစ်ခွက်ငှဲ့
ပြန် မ ရောက်နိုင် သူအကြောင်း ပြောတယ်။
ပြီးမှ
အမှောင် ကို တွန့်တိုသလိုကြည့်
တ စ္ဆေသရဲတွေ့မိသလို အိမ်ကို ထပြန်တယ်။
အိမ်မက်ထဲ လမ်းထလျှောက်သူ တစ်ယောက်
မနက်ရောက်တော့
ညက ဘာမှမသိကြောင်းပြောပြန်ရော။ ။
ခိုင်မြဲကျော်စွာ
/* အေးအေးဆေးဆေးလမ်း ကဗျာစာအုပ်မှ
0 comments:
Post a Comment