တန်ဖိုးရှိတဲ့ မိန်းမဆိုတာ





ပွဲသိမ်းခရာ မမှုတ်သေးခင်

ရှုံးပြီလို့မပြောပါနဲ့ဦး..။



ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှ

တကယ်သေပြီလို့ အတည်ပြုနိုင်တယ်..။



ပိုးဟပ်တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့

ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ..



အသက်ရှူ ရပ်သွားတာတောင်

ဦးနှောက်အလုပ်လုပ်နေရင်

သေပြီလို့ မဆိုနိုင်သေးဘူး..။



ငါ့နှလုံးခုန်သံ သဲ့သဲ့လေးပဲကျန်တော့လို့

မင်းသိပ်ပျော်နေလား ဟင်..။



စိတ်ချ…..

နောင်ဘဝကျရင်လည်း

ငါမင်းကိုပဲ ပြန်ချစ်ဦးမှာ..။



ဒီလိုပဲ..

တန်ဖိုးရှိတဲ့ မိန်းမဆိုတာ

စာအုပ်ကောင်းတစ်အုပ်လိုပဲ

ဘယ်လောက်ဟောင်နွမ်းစုတ်ပြတ်နေပါစေ

ပြန်ဖတ်တိုင်း အရသာရှိတယ်လေ..။



မင်းလူ

(ဆရာမင်းလူရဲ့ နောက်ဆုံးထွက်ရှိထားသော “ပြန်ခေါ်သက်သေ” လုံးချင်း ဝတ္ထုမှ)




ယခုကဗျာများကို ဒီနေရာ/လင်းအိမ်မှူး မှ ကူးယူဖော်ပြ ပါသည်။
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment