အဆက်စပ်မဲ့တဲ့ ဘ၀တွေကလို့ အော်လိုက်
အာခေါင်နွေးလာပြီ
ဂစ်တာအိုးထဲမှာ တစ်တိုင်ကျန်သေးတယ်
ကမ္ဘာမြေကြီး
ဘယ်လိုသာယာနေတယ် ကိုယ်မသိတော့ဘူးလို့ အော်လိုက်
အရေပြားပေါ်က အရုပ်တွေလှုပ်လာပြီ
ပြီးရင် ရေတိုက်ထား
ထပ်အော်
ကုန်ဖလှယ်သလို ဈေးကစားပြီး မင်းဘ၀ကိုဆောက်တည်လို့
မီးသီးတွေကျွမ်းကုန်ပြီ
အပျောက်ဆွဲလိုက်တော့
ပြီးရင်
နွေလယ်နေရဲ့လမ်းဟာ ရက်စက်လွန်းတယ်လို့အော်စမ်း
အခန်းတံခါးတွေ တဒိုင်းဒိုင်းပိတ်ကုန်ပြီ
ပလိန်းသာရိုက်လိုက်
နောက်ထပ်
အချစ်ဟာ ခါးခါးခါးလို့အော်
နောက်ထပ်
ကျဉ်းမြောင်းတဲ့ ရုပ်ကမ္ဘာကို
စိတ်အားနဲ့ဖြတ်ကျော်ရင်းလို့ သံကုန်အော်
ကြိုးတွေပြတ်ကုန်ပြီ….။
ကြည်ဇော်အေး
(မှတ်ချက်။ ။ 2009 ခုနှစ်၊ ဖေဖော်ဝါရီလထုတ်၊ အမှတ် (၂) အတွဲ (၁) “လှိုင်းသစ်” မဂ္ဂဇင်းတွင်ဖော်ပြပါရှိသော ဆရာကြည်ဇော်အေး၏ ကိုယ်တို့ခေတ် ကဗျာကို ပြန်လည်တင်ပြ ထားခြင်းဖြစ်ပါသည်။)
0 comments:
Post a Comment