ငါး အ သေ တစ်ကာင် လိုချင် ရင်
ဈေးမှာဝယ်ပါ
ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင် ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ
ဒဏ်ရာ ရနေတဲ့ ငါးတစ်ကောင် လိုချင် ရင်
ငါးမျှားချိတ်မှာ အစာတပ်ပြီး မျှားပါ
အရုပ်နဲ့ တူတဲ့ ငါးတစ်ကောင် လိုချင် ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ
ငါးအစစ် တစ်ကောင် လိုချင် ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ
ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ
အသက်ရှုသံတွေနဲ့
ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ
ပျော်ရွှင် စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင် ကိုရရှိမှာ
မင်းရဲ့ လက်ချောင်း တွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။
မြင့်မိုးအောင်
0 comments:
Post a Comment