မကြာမီ ရွာဆီရောက်တော့မည်

မြောက်ပြန်လေမှာ၊ ကောက်နံ့ပါသည်

ဆောင်းလာနေပြီထင်ပါရဲ့…..။

ငှက်တော်ငှက်တို့

ကွင်းထက်မှာပျံ၊ တညံညံနှင့်

လေချွန်သံလို၊ သီချင်းဆိုကာ

ဆောင်းဦးလာပြီထင်ပါရဲ့…..။

ထန်းတောဆီက၊ မီးမြင်ရသည်

မှောင်စမှာပင်၊ အချမ်းဝင်လို့

ယာပြင်ကုန်းထက်၊ တဲနောက်ဘက်မှာ

ထန်းလက်မီးထည့်၊ လှိုရော့သလား…..။

လူသံ၊ လှည်းသံ၊ တောလုံးညံကာ

တောပြန်လှည်းများ၊ ဒုံးစိုင်းသွားပြီ

နွားရောလူပါ ချမ်းလို့ထင့်…..။

တောင်ပေါ်ကနှင်း၊ ဖော်တသင်းနှင့်

လေညင်းထဲမှာ၊ လွင့်ပျံလာသည်

မကြာမီ…..ရွာဆီရောက်တော့မည်…..။

                                မောင်လင်းကြည်

(ဆရာမောင်လင်းကြည်ရဲ့ “မကြာမီ…..ရွာဆီရောက်တော့မည်” ကဗျာကို ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလထုတ်၊ အမှတ် (၁၃) ကဗျာမှ ထုတ်နှုတ်ဖော်ပြေထားပါသည်။)

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment